ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 5:8-21 Common Language Bible (BCL)

8. ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​သော်​လည်း အ​ဘယ်​သူ​မျှ​ထို​စာ​တန်း​ကို​မ​ဖတ်​နိုင်။ ထို စာ​တန်း​၏​အ​နက်​ကို​လည်း​မင်း​ကြီး​အား မ​ဖော်​ပြ​နိုင်​ကြ။-

9. ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။

10. မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။-

11. သင်​၏​နိုင်​ငံ​တော်​တွင်​သန့်​ရှင်း​မြင့်​မြတ်​သော ဘု​ရား​တို့​၏​ဝိ​ညာဉ်​ဖြင့်​ပြည့်​ဝ​သူ​လူ​တစ် ယောက်​ရှိ​ပါ​၏။ သင်​၏​ခ​မည်း​တော်​နန်း​စံ​စဉ် အ​ခါ​က ထို​သူ​၌​အ​သိ​ပ​ညာ​နှင့်​အ​မြော် အ​မြင်၊ ဘု​ရား​ကဲ့​သို့​ပ​ညာ​ဉာဏ်​ရှိ​ကြောင်း ထင်​ရှား​ခဲ့​ပါ​၏။ သင်​၏​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သည်​သူ့​အား​ဗေ​ဒင်​ဆ​ရာ၊ မှော် ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​တို့ ၏​အ​ကြီး​အ​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော် မူ​ခဲ့​ပါ​၏။-

12. သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

13. သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။-

14. ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-

15. ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

16. သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။

17. ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။

18. ``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-

19. သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-

20. သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-

21. သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 5