ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 5:17-31 Common Language Bible (BCL)

17. ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။

18. ``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-

19. သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-

20. သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-

21. သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-

22. သူ​၏​သား​တော်​ဖြစ်​သူ​အ​ရှင်​သည်​လည်း ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​ရှိ​ပါ သော်​လည်း​မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မ မူ​ဘဲ၊-

23. ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-

24. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​လက်​ကို စေ​လွှတ်​၍ ဤ​စာ​တန်း​ကို​ရေး​စေ​တော်​မူ ပါ​၏။

25. ``ရေး​ထား​သော​စာ​ကား`ရေ​တွက်၊ ရေ​တွက်၊ အ​လေး​ချိန်၊ ခွဲ​ဝေ' ဟူ​၍​ဖြစ်​သ​တည်း။-

26. ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-

27. အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။-

28. ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။

29. ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-

30. ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-

31. အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 5