ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 5:1-4 Common Language Bible (BCL)

1. တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-

2. ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-

3. ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊-

4. ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 5