ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:38-44 Common Language Bible (BCL)

38. ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-

39. အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။-

40. ထို​နောက်​သံ​ကဲ့​သို့​တောင့်​တင်း​ခိုင်​မာ​သော စ​တုတ္ထ​အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​လာ​ပါ လိမ့်​မည်။ သံ​သည်​အ​ရာ​ခပ်​သိမ်း​ကို​ကျိုး​ပဲ့ ကြေမွ​စေ​တတ်​သ​ကဲ့​သို့ ထို​နိုင်​ငံ​သည် အခြား​နိုင်​ငံ​တို့​ကို​ချေ​မှုန်း​ပါ​လိမ့်​မည်။-

41. ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-

42. ခြေ​ချောင်း​များ​သည်​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​သည်​နှင့်​အ​ညီ ထို​နိုင်​ငံ သည်​ခွန်​အား​ကြီး​သော်​လည်း​အ​လွယ်​တ​ကူ ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။-

43. သံ​ကို​ရွှံ့​စေး​သ​ရွတ်​နှင့်​ရော​စပ်​ထား​သည် ကို​လည်း အ​ရှင်​မြင်​တော်​မူ​သည်​အ​တိုင်း ထို​အင်​ပါ​ယာ​နိုင်​ငံ​ကို​အုပ်​ချုပ်​သော ဘု​ရင်​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု​သား တို့​အား အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ် ခြင်း​အား​ဖြင့် စည်း​ရုံး​မှု​ရ​ရှိ​ရန်​ကြိုး​စား ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​သံ​နှင့်​ရွှံ့​စေး သ​ရွတ်​ကို​ရော​စပ်​၍​မ​ရ​သ​ကဲ့​သို့ သူ​တို့ သည်​လည်း​ပေါင်း​ဖော်​၍​ရ​ကြ​မည်​မ​ဟုတ် ပါ။-

44. အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2