ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:22-34 Common Language Bible (BCL)

22. ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။

23. အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကိုဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။''

24. သို့​ဖြစ်​၍​ဒံ​ယေ​လ​သည် ဗာ​ဗု​လုန်​မြို့​က ပ​ညာ​ရှိ​တို့​အား ကွပ်​မျက်​ရန်​မင်း​ကြီး​တာ​ဝန် ပေး​အပ်​ထား​သူ​အာ​ရုတ်​၏​ထံ​သို့​သွား​၍``ထို သူ​တို့​အား​မ​ကွပ်​မျက်​ပါ​နှင့်။ အ​ကျွန်ုပ်​အား ဘု​ရင်​၏​ထံ​တော်​သို့​ခေါ်​ဆောင်​သွား​ပါ။ အ ကျွန်ုပ်​သည်​မင်း​ကြီး​၏​အိပ်​မက်​ကို​အ​နက် ဖွင့်​ပြ​ပါ​မည်'' ဟု​ဆို​၏။

25. ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။

26. မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

27. ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏ မေး​ခွန်း​ကို​ဖြေ​ကြား​နိုင်​သော​မှော်​ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ၊ ဗေ​ဒင်​ဆ​ရာ၊ နက္ခတ် ဆ​ရာ​မ​ရှိ​ပါ။-

28. သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။

29. ``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။-

30. ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။

31. ``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။-

32. ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-

33. ခြေ​သ​လုံး​ကို​သံ​ဖြင့်​ပြု​လုပ်​၍​ခြေ​ဖ​မိုး နှင့် ခြေ​ဖ​ဝါး​တို့​မှာ​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​ပါ​၏။-

34. ထို​ရုပ်​တု​ကြီး​ကို​အ​ရှင်​မင်း​ကြီး​ကြည့် လျက်​နေ​စဉ် ကျောက်​ခဲ​ကြီး​တစ်​လုံး​သည် တောင်​ပေါ်​မှ​အ​လို​အ​လျောက်​ပြုတ်​ထွက် လာ​ပြီး​လျှင် သံ​နှင့်​ရွှံ့​စေး​သ​ရွတ်​ဖြင့်​ပြီး သည့်​ရုပ်​တု​ကြီး​ခြေ​များ​ကို​ထိ​မှန်​ကျိုး ပဲ့​သွား​စေ​ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2