ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:10-27 Common Language Bible (BCL)

10. ဘု​ရင့်​အ​တိုင်​ပင်​ခံ​တို့​က``အ​ရှင်​မင်း​ကြီး သိ​လို​သော​အ​ရာ​ကို ပြော​ပြ​နိုင်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ကမ္ဘာ​ပေါ်​တွင်​မ​ရှိ​ပါ။ အ​ဘယ် တန်​ခိုး​ကြီး​သည့်​ဘု​ရင်​မျှ မိ​မိ​၏​နက္ခ​ဟော ဆ​ရာ​များ၊ ပ​ယော​ဂ​ဆ​ရာ​များ​နှင့်​မှော် ဆ​ရာ​များ​အား​ဤ​သို့​ဆင့်​ဆို​စေ​ခိုင်း​ဖူး သည်​မ​ရှိ​ပါ။-

11. အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။

12. ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။-

13. သို့​ဖြစ်​၍​ဒံ​ယေ​လ​နှင့်​အ​ဖော်​များ​အ​ပါ အ​ဝင်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​အား ကွပ်​မျက် ရန်​အ​မိန့်​ကို​ထုတ်​ပြန်​လေ​သည်။

14-15. ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကွပ်​မျက်​မှု​ကို တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့်​သူ ဘု​ရင့်​ကိုယ်​ရံ တော်​တပ်​မှူး​အာ​ရုတ်​ထံ​သို့​သွား​ရောက်​၍၊ အာ​ရုတ်​အား``မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ပြင်း​ထန်​သည့်​အ​မိန့်​ကို​ထုတ်​ဆင့် တော်​မူ​ပါ​သ​နည်း'' ဟု​ပါး​နပ်​လိမ္မာ​စွာ မေး​၏။ အာ​ရုတ်​သည်​လည်း ဖြစ်​ပျက်​သည့် အ​ကြောင်း​အ​ရာ​ကို​ဒံ​ယေ​လ​အား​ပြော ပြ​၏။

16. ချက်​ချင်း​ပင်​ဒံ​ယေ​လ​သည် မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​၍``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​ရန် အ​ချိန်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား လေ​၏။-

17. ထို​နောက်​ဒံ​ယေ​လ​သည်​အိမ်​သို့​ပြန်​၍​မိ​မိ ၏​အ​ဖော်​များ​ဖြစ်​သော​ဟာ​န​နိ၊ မိ​ရှေ​လ​နှင့် အာ​ဇ​ရိ​တို့​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ပြ​ပြီး​နောက်၊-

18. ``ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​၌​ရှိ​သော​အ​ခြား အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ကွပ်​မျက် ခြင်း​မ​ခံ​ကြ​ရ​လေ​အောင် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည်​က​ရု​ဏာ​ထား​တော်​မူ​၍ ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို​ငါ​တို့​အား ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ရန်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

19. ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။

20. ``ဘု​ရား​သ​ခင်​သည်​ဉာဏ်​ပ​ညာ​တော် တန်​ခိုး​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​၏။ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။

21. ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။

22. ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။

23. အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကိုဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။''

24. သို့​ဖြစ်​၍​ဒံ​ယေ​လ​သည် ဗာ​ဗု​လုန်​မြို့​က ပ​ညာ​ရှိ​တို့​အား ကွပ်​မျက်​ရန်​မင်း​ကြီး​တာ​ဝန် ပေး​အပ်​ထား​သူ​အာ​ရုတ်​၏​ထံ​သို့​သွား​၍``ထို သူ​တို့​အား​မ​ကွပ်​မျက်​ပါ​နှင့်။ အ​ကျွန်ုပ်​အား ဘု​ရင်​၏​ထံ​တော်​သို့​ခေါ်​ဆောင်​သွား​ပါ။ အ ကျွန်ုပ်​သည်​မင်း​ကြီး​၏​အိပ်​မက်​ကို​အ​နက် ဖွင့်​ပြ​ပါ​မည်'' ဟု​ဆို​၏။

25. ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။

26. မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

27. ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏ မေး​ခွန်း​ကို​ဖြေ​ကြား​နိုင်​သော​မှော်​ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ၊ ဗေ​ဒင်​ဆ​ရာ၊ နက္ခတ် ဆ​ရာ​မ​ရှိ​ပါ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2