ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:1-5 Common Language Bible (BCL)

1. နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​စံ​ဒု​တိ​ယ နှစ်​တွင် အိပ်​မက်​ကို​မြင်​မက်​၍​လွန်​စွာ​စိတ် ပူ​ပန်​သ​ဖြင့်​စက်​တော်​ခေါ်​၍​မ​ရ။-

2. သို့​ဖြစ်​၍​မိ​မိ​မည်​သည့်​အိပ်​မက် မက်​သည်​ကို ဖော်​ပြ​ရန်​နက္ခ​ဟော​ဆ​ရာ​များ၊ ပ​ယော​ဂ ဆ​ရာ​များ၊ စုံး​အ​တတ်​ကို​တတ်​သူ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​တော်​မူ​စေ​၏။ သူ တို့​သည်​ရှေ့​တော်​သို့​ရောက်​ကြ​သော​အ​ခါ၊-

3. မင်း​ကြီး​က``ငါ့​အား​စိတ်​ပူ​ပန်​စေ​သည့်​အိပ် မက်​ကို​ငါ​မြင်​မက်​တော်​မူ​သည်။ ထို​အိပ်​မက် ၏​အ​နက်​ကို​ငါ​သိ​လို​သည်'' ဟု​ဆို​၏။

4. ထို​သူ​တို့​က​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ​ကျော်​ရှည် ပါ​စေ။ အ​ရှင်​၏​အိပ်​မက်​ကို​မိန့်​ကြား​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။

5. မင်း​ကြီး​က``ငါ​သည်​ငါ​မြင်​မက်​သည့်​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​အ​နက်​ကို လည်း​ကောင်း​သင်​တို့​ဖော်​ပြ​ကြ​စေ​ရန်​သန္နိ ဋ္ဌာန်​ချ​မှတ်​ထား​ပြီ။ အ​ကယ်​၍​သင်​တို့​မ ဖော်​ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း ဖြတ်​ကာ​သင်​တို့​၏​အိမ်​များ​ကို​ပြာ​ပုံ ဖြစ်​စေ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2