ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 12:8-13 Common Language Bible (BCL)

8. ထို​သူ​ပြော​သော​စ​ကား​ကို​ကြား​သော်​လည်း ငါ​သည်​နား​မ​လည်​သ​ဖြင့်``သို့​ရာ​တွင်​အ​ရှင်၊ ထို​အ​မှု​အ​ရာ​များ​သည်​အ​ဘယ်​သို့​အ​ဆုံး သတ်​ပါ​မည်​နည်း'' ဟု​မေး​၏။

9. ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။-

10. လူ​အ​မြောက်​အ​မြား​တို့​သည်​စိတ်​နှ​လုံး​သန့် ရှင်း​ဖြူ​စင်​လာ​ကြ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့ သည်​ကား​အ​သိ​တ​ရား​မ​ရှိ​ဘဲ​ဆက်​လက် ယုတ်​မာ​လျက်​နေ​ကြ​လိမ့်​မည်။ ပ​ညာ​ရှိ​သူ များ​သာ​လျှင်​အ​သိ​တ​ရား​ကို​ရ​ရှိ​ကြ လိမ့်​မည်။

11. ``နေ့​စဉ်​ပူ​ဇော်​ရာ​ယဇ်​များ​ကို​ရပ်​စဲ​စေ​သည့် အ​ချိန်၊ ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ ပေါ်​ပေါက်​လာ​သည့်​အ​ချိန်​မှ​အ​စ​ပြု​၍ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ကိုး​ဆယ်​ကုန် လွန်​သွား​လိမ့်​မည်။-

12. ရက်​ပေါင်း​တစ်​ထောင့်​သုံး​ရာ​သုံး​ဆယ့်​ငါး​ရက် ကုန်​ဆုံး​ချိန်​တိုင်​အောင် သစ္စာ​ရှိ​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

13. ``ဒံ​ယေ​လ၊ သင်​သည်​လည်း​အ​ဆုံး​တိုင်​အောင် သစ္စာ​ရှိ​လော့။ ထို​နောက်​သင်​သည်​သေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၌ ဆု​တော်​လာဘ်​တော်​ကို​ခံ​ယူ​ရန်​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​ဆို​၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​သား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 12