ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:6-13 Common Language Bible (BCL)

6. နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။-

7. ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။-

8. သူ​တို့​၏​ဘု​ရား​ရုပ်​တု​များ​နှင့်​ယင်း​တို့​အား ဆက်​ကပ်​ထား​သည့်​ရွှေ​ခွက်​ငွေ​ခွက်​ရှိ​သ​မျှ တို့​ကို​လည်း အီ​ဂျစ်​ပြည်​သို့​ယူ​ဆောင်​သွား လိမ့်​မည်။ ထို​နောက်​နှစ်​ပေါင်း​များ​စွာ​ငြိမ်း ချမ်း​ပြီး​မှ၊-

9. ဆီး​ရီး​ယား​ဘု​ရင်​သည်​အီ​ဂျစ်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည်​ပြန်​လည်​ဆုတ်​ခွာ​ရ​လိမ့်​မည်။

10. ``ဆီး​ရီး​ယား​ဘု​ရင်​၏​သား​တော်​တို့​သည် စစ်​တိုက်​ရန် ပြင်​ဆင်​ကြ​လျက်​တပ်​ကြီး​တစ် တပ်​ကို​စု​ရုံး​ကြ​လိမ့်​မည်။ သူ​တို့​အ​နက်​မှ မင်း​သား​တစ်​ပါး​သည်​မြစ်​လျှံ​ရေ​ကဲ့​သို့ ချီ​တက်​လာ​ကာ ရန်​သူ့​ခံ​တပ်​တစ်​ခု​ကို တိုက်​ခိုက်​လိမ့်​မည်။-

11. အီ​ဂျစ်​ဘု​ရင်​သည်​ဒေါ​သ​အ​မျက်​ထွက် သ​ဖြင့် ဆီး​ရီး​ယား​ဘု​ရင်​အား​စစ်​ဆင်​တိုက် ခိုက်​ပြီး​လျှင် သူ​၏​အင်​အား​ကြီး​မား​သော တပ်​မ​တော်​ကို​ဖမ်း​ဆီး​ရ​မိ​လိမ့်​မည်။-

12. သူ​သည်​အောင်​ပွဲ​ကို​ရ​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ စစ်​သည်​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​နိုင် ခဲ့​သ​ဖြင့်​လည်း​ကောင်း ဂုဏ်​ယူ​ဝါ​ကြွား​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍​အောင် ပွဲ​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။

13. ``ဆီး​ရီး​ယား​ဘု​ရင်​သည်​ဆုတ်​ခွာ​သွား​ပြီး လျှင် ယ​ခင်​က​ထက်​ပို​မို​အင်​အား​ကြီး​မား သော​တပ်​ကြီး​တစ်​တပ်​ကို​စု​ရုံး​လိမ့်​မည်။ သူ သည်​အ​ချိန်​သင့်​သော​အ​ခါ​လက်​နက်​အ​ပြည့် အ​စုံ​တပ်​ဆင်​ထား​သည့်​တပ်​ကြီး​တစ်​တပ် နှင့်​ချီ​တက်​လာ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11