ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:40-45 Common Language Bible (BCL)

40. ``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-

41. က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-

42. ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။-

43. သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။-

44. ထို​နောက်​သူ​သည်​အ​ရှေ့​မျက်​နှာ​အ​ရပ် နှင့်​မြောက်​မျက်​နှာ​အ​ရပ်​တို့​မှ​ရောက်​ရှိ လာ​သော​သတင်း​များ​ကြောင့် ထိတ်​လန့်​၍ ပြင်း​ထန်​စွာ​တိုက်​ခိုက်​သ​ဖြင့်​လူ​အ​မြောက် အ​မြား​ကို​ဆုံး​ပါး​စေ​လိမ့်​မည်။-

45. သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11