ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:34-43 Common Language Bible (BCL)

34. ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဘက်​သို့​ဝင်​ရောက် လာ​သူ​တို့​မှာ​အ​များ​အား​ဖြင့် ကိုယ်​ကျိုး​ရှာ လို​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည် ထို​သူ​တို့​ထံ​မှ​အ​ထောက် အ​ကူ​အ​နည်း​ငယ်​ကို​ရ​ရှိ​ကြ​မည်။-

35. ခေါင်း​ဆောင်​ပ​ညာ​ရှိ​များ​အ​နက်​အ​ချို့​သူ တို့​သည်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ယင်း​သို့​အ​သတ်​ခံ​ရ​ကြ​မှု​ကြောင့် လူ​တို့​၏ စိတ်​နှ​လုံး​သည်​ဖြူ​စင်​သန့်​ရှင်း​၍​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဘု​ရား​သ​ခင်​ချိန်း ချက်​သတ်​မှတ်​တော်​မူ​သည့်​ကာ​လ​တိုင် အောင်​ဆက်​လက်​၍​ဖြစ်​လိမ့်​မည်။

36. ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-

37. ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။-

38. ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။-

39. မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။''

40. ``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-

41. က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-

42. ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။-

43. သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11