ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:32-36 Common Language Bible (BCL)

32. မိ​မိ​တို့​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို​စွန့်​လွှတ် လိုက်​ကြ​သူ​တို့​အား ဆီး​ရီး​ယား​ဘု​ရင်​သည် ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် မိ​မိ​၏​ဘက်​သို့​ပါ အောင်​ဆွဲ​ဆောင်​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သော​သူ​တို့​က သူ့​အား ပြန်​လည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။-

33. ပြည်​သူ​တို့​၏​ခေါင်း​ဆောင်​ပညာ​ရှိ​တို့​သည် ပြည်​သူ​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​ပေး​ကြ လိမ့်​မည်။ သို့​သော်​ကာ​လ​အ​တန်​ကြာ​မျှ​ထို သူ​တို့​အ​နက်​အ​ချို့​သော​သူ​တို့​သည် စစ်​ပွဲ တွင်​ကျ​ဆုံး​၍​အ​ချို့​မှာ​မီး​လောင်​တိုက် အ​သွင်း​ခံ​ကြ​ရ​လိမ့်​မည်။ အ​ချို့​သော​သူ တို့​သည်​လု​ယက်​ခြင်း​နှင့်​ဖမ်း​ဆီး​ချုပ်​နှောင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

34. ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဘက်​သို့​ဝင်​ရောက် လာ​သူ​တို့​မှာ​အ​များ​အား​ဖြင့် ကိုယ်​ကျိုး​ရှာ လို​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည် ထို​သူ​တို့​ထံ​မှ​အ​ထောက် အ​ကူ​အ​နည်း​ငယ်​ကို​ရ​ရှိ​ကြ​မည်။-

35. ခေါင်း​ဆောင်​ပ​ညာ​ရှိ​များ​အ​နက်​အ​ချို့​သူ တို့​သည်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ယင်း​သို့​အ​သတ်​ခံ​ရ​ကြ​မှု​ကြောင့် လူ​တို့​၏ စိတ်​နှ​လုံး​သည်​ဖြူ​စင်​သန့်​ရှင်း​၍​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဘု​ရား​သ​ခင်​ချိန်း ချက်​သတ်​မှတ်​တော်​မူ​သည့်​ကာ​လ​တိုင် အောင်​ဆက်​လက်​၍​ဖြစ်​လိမ့်​မည်။

36. ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11