ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:2-6 Common Language Bible (BCL)

2. သင့်​အား​ယ​ခု​ငါ​ပြော​ပြ​မည့်​အ​ရာ များ​သည်​အ​မှန်​ဖြစ်​ပျက်​မည်'' ဟု​ဆို​၏။ကောင်း​ကင်​တ​မန်​က``ပါ​ရှ​နိုင်​ငံ​တွင်​နောက် ထပ်​ဘု​ရင်​သုံး​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​နောက်​စ​တုတ္ထ​ဘု​ရင်​ပေါ်​ထွန်း​ကာ အ​ခြား ဘု​ရင်​များ​ထက်​ပို​၍​ချမ်း​သာ​ကြွယ်​ဝ​လိမ့် မည်။ သူ​သည်​မိ​မိ​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး၊ အ​ချမ်း​သာ​ဆုံး​အ​ချိန်​သို့​ရောက် သော​အ​ခါ ဂ​ရိတ်​နိုင်​ငံ​အား​စစ်​မက်​ပြိုင် ဆိုင်​ရန်​ဖိတ်​ခေါ်​လိမ့်​မည်။

3. ``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။-

4. သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။

5. ``အီ​ဂျစ်​ဘု​ရင်​သည်​တန်​ခိုး​ကြီး​မား​မည်​ဖြစ် သော်​လည်း သူ​၏​စစ်​သူ​ကြီး​တစ်​ဦး​က​သူ့​ထက် ပို​၍ တန်​ခိုး​ကြီး​၍​သူ​၏​နိုင်​ငံ​ထက်​ကြီး ကျယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး​လိမ့်​မည်။-

6. နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11