ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:19-30 Common Language Bible (BCL)

19. မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။

20. ``သူ​၏​နောက်​၌​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ လိမ့်​မည်။ ထို​ဘု​ရင်​သည်​နိုင်​ငံ​တော်​ဘဏ္ဍာ​ကို တိုး​တက်​ရေး​အ​တွက် လူ​တို့​ထံ​မှ​အ​ခွန်​ကောက် ခံ​စေ​ရန်​အ​ရာ​ရှိ​တစ်​ဦး​ကို​စေ​လွှတ်​လိမ့်​မည်။ ထို​ဘုရင်​သည်​အ​လွန်​တို​တောင်း​သည့်​အ​ချိန် ကာ​လ​အ​တွင်း​၌​လုပ်​ကြံ​သတ်​ဖြတ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​လူ မြင်​ကွင်း​၌​သော်​လည်း​ကောင်း၊ စစ်​ပွဲ​၌​သော် လည်း​ကောင်း​အ​သတ်​ခံ​ရ​ခြင်း​မ​ဟုတ်'' ဟု​ဆို​၏။

21. ဆက်​လက်​၍​ကောင်း​ကင်​တ​မန်​က``ထို​နောက် နန်း​တက်​သည့်​ဆီး​ရီး​ယား​ဘု​ရင်​သည်​မင်း ဖြစ်​ထိုက်​သူ​မ​ဟုတ်၊ ဆိုး​ညစ်​သူ​ဖြစ်​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​အ​မှတ်​မ​ထင်​ပေါ် ထွန်း​လာ​လျက်​ပရိ​ယာယ်​အား​ဖြင့်​အာ​ဏာ သိမ်း​လိမ့်​မည်။-

22. သူ့​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​သည်​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ပင်​ဖြစ်​စေ​ကာ မူ ဖျက်​ဆီး​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

23. ထို​မင်း​သည်​က​တိ​စာ​ချုပ်​များ​ချုပ်​ဆို​၍ အ​ခြား​နိုင်​ငံ​တို့​ကို​လိမ်​လည်​လှည့်​စား​လိမ့် မည်။ သူ​သည်​သေး​ငယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး ရ​သော်​လည်း တန်​ခိုး​ကြီး​မား​သည်​ထက် ကြီး​မား​၍​လာ​လိမ့်​မည်။-

24. သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။

25. ``သူ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​တိုက်​ခိုက်​ရန် စစ် တပ်​ကြီး​တစ်​တပ်​ကို​ရဲ​တင်း​စွာ​ဖွဲ့​စည်း​လိမ့် မည်။ အီ​ဂျစ်​ဘု​ရင်​သည်​လည်း​အ​လွန်​အင် အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​ဖြင့် သူ့​အား​ခု​ခံ​ရန်​ပြင်​ဆင်​လိမ့်​မည်။ သို့​ရာ တွင်​သူ​သည်​လိမ်​လည်​လှည့်​စား​မှု​ကို​ခံ​ရ ၍​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-

26. သူ​၏​အ​ရင်း​နှီး​ဆုံး​အ​ကြံ​ပေး​အ​ရာ​ရှိ များ​သည် သူ​၏​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ် လိမ့်​မည်။ သူ​၏​စစ်​သည်​တပ်​သား​အ​မြောက် အ​မြား​တို့​သည် အ​သတ်​ခံ​ရ​လျက်​တပ်​မ တော်​တစ်​ခု​လုံး​ပင်​ချေ​မှုန်း​ခြင်း​ခံ​ရ​လိမ့် မည်။-

27. ထို​နောက်​ဘု​ရင်​နှစ်​ပါး​သည်​စား​ပွဲ​တစ်​ခု တည်း​တွင်​ထိုင်​၍ ပွဲ​တော်​ခေါ်​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သူ​တို့​၏​ရည်​ရွယ်​ချက်​များ​သည်​ဆိုး ညစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​လိမ်​လည်​ပြော ဆို​ကြ​လိမ့်​မည်။ သို့​သော်​အ​ချိန်​မ​တန်​သေး သ​ဖြင့် သူ​တို့​၏​လို​လား​ချက်​များ​ကို​ရ​ရှိ ကြ​လိမ့်​မည်​မ​ဟုတ်။-

28. ဆီး​ရီး​ယား​ဘု​ရင်​သည်​ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို ဖျက်​ဆီး​ရန်​သန္နိ​ဋ္ဌာန်​ပြု​ကာ စစ်​ပွဲ​တွင်​သိမ်း ဆည်း​ရ​ရှိ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ ၍​ပြန်​လိမ့်​မည်။ သူ​သည်​မိ​မိ​၏​အ​လို​ဆန္ဒ ရှိ​သည်​အ​တိုင်း​ပြု​ပြီး​နောက်​မိ​မိ​၏​ပြည် သို့​ပြန်​လိမ့်​မည်။

29. ``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။-

30. ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11