ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 10:4-9 Common Language Bible (BCL)

4. ထို​နှစ်​ပ​ထ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​မြောက် သော​နေ့​၌ ငါ​သည်​တိ​ဂ​ရစ်​မြစ်​ကြီး​၏ ကမ်း​ပါး​ပေါ်​တွင်​ရပ်​လျက်​နေ​၏။-

5. မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ပိတ်​ချော အင်္ကျီ​ကို​ဝတ်​၍ ရွှေ​ခါး​ပတ်​ကို​ပတ်​ထား သူ​လူ​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။-

6. သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။

7. ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ငါ​ဒံ​ယေ​လ​တစ် ယောက်​တည်း​သာ​မြင်​ရ​၏။ ငါ​နှင့်​အ​တူ ရှိ​သော​သူ​တို့​သည်​အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ကြ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထိတ် လန့်​တုန်​လှုပ်​လျက်​ထွက်​ပြေး​ပုန်း​အောင်း နေ​ကြ​၏။-

8. ငါ​တစ်​ဦး​တည်း​သာ​လျှင်​ထို​အံ့​သြ​ဖွယ် ကောင်း​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ကြည့် လျက်​ကျန်​ရစ်​၏။ ငါ​သည်​အား​ပြတ်​၍ အ​ဘယ်​သူ​မျှ​မ​မှတ်​မိ​နိုင်​လောက်​အောင် ငါ​၏​မျက်​နှာ​သည်​အ​သွင်​ပြောင်း​သွား​၏။ အ​ကူ​အ​ညီ​မဲ့​လျက်​ရှိ​၏။-

9. ထို​သူ​၏​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း​လျား​မှောက်​လဲ ကျ​ကာ​သ​တိ​မေ့​လျက်​နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 10