ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 10:10-15 Common Language Bible (BCL)

10. ထို​အ​ခါ​လက်​တစ်​ဖက်​သည်​ငါ့​ကို​ကိုင်​ဆွဲ ချီ​ကြွ​သ​ဖြင့် ငါ​သည်​လေး​ဘက်​ထောက် လျက်​နေ​၏။ ငါ​သည်​တုန်​လှုပ်​လျက်​ပင်​ရှိ နေ​သေး​၏။

11. ကောင်း​ကင်​တ​မန်​က``ဒံ​ယေ​လ၊ ဘု​ရား​သခင် သည် သင့်​ကို​ချစ်​တော်​မူ​၏။ ထ​၍​ငါ​ပြော​မည့် စကား​ကို​သေ​ချာ​စွာ​နား​ထောင်​လော့။ ကိုယ် တော်​သည်​ငါ့​အား​သင့်​ထံ​သို့​စေ​လွှတ်​တော် မူ​ပြီ'' ဟု​ဆို​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ငါ​သည်​တုန်​လှုပ်​လျက်​ပင်​မတ်​တတ် ရပ်​လိုက်​၏။

12. ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​နိုင်​မည် အ​ကြောင်း မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ရန် ဦး​စွာ ပ​ထ​မ​စိတ်​ပိုင်း​ဖြတ်​လိုက်​သည့်​နေ့​မှ​စ ၍​ဘု​ရား​သ​ခင်​သည် သင်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​၏​လျှောက် ထား​ချက်​ကို​ဖြေ​ကြား​ရန်​ငါ့​ကို​စေ လွှတ်​တော်​မူ​လိုက်​၏။-

13. ပါ​ရှ​နိုင်​ငံ​စောင့်​ကောင်း​ကင်​တ​မန်​သည် ငါ့ အား​နှစ်​ဆယ့်​တစ်​ရက်​တိုင်​တိုင်​ဆီး​တား လျက်​နေ​ခဲ့​၏။ ထို​နောက်​ကောင်း​ကင်​တ​မန် မှူး​တစ်​ဦး​ဖြစ်​သူ​မိက္ခေ​လ​သည် ပါ​ရှ​နိုင်​ငံ တွင်​ငါ​တစ်​ဦး​တည်း​ကျန်​ရှိ​လျက်​နေ သ​ဖြင့်​ငါ့​အား​လာ​ရောက်​ကူ​ညီ​ပေ သည်။-

14. ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။

15. ထို​သူ​ဤ​သို့​ဆို​သော​အ​ခါ​ငါ​သည်​စ​ကား မ​ပြော​နိုင်​ဘဲ​မြေ​ကြီး​ကို​စိုက်​၍​ကြည့်​လျက် နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 10