ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 1:13-21 Common Language Bible (BCL)

13. ထို​နောက်​ပွဲ​တော်​စာ​များ​စား​သောက်​ရ​သူ​လူ​ငယ်​လူ​ရွယ်​များ​နှင့်​ငါ​တို့​အား​နှိုင်း​ယှဉ်​ကြည့်​ပြီး​လျှင် သင်​တို့​တွေ့​မြင်​ရ​သည့်​ငါ​တို့​ရုပ်​ဆင်း​သဏ္ဌာန်​အ​ပေါ်​တွင်​မူ​တည်​၍ ငါ​တို့​အား​အ​ဘယ်​သို့​ကျွေး​မွေး​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့'' ဟု​ဆို​၏။

14. စောင့်​ကြပ်​သူ​သည်​ဤ​သို့​ဆယ်​ရက်​မျှ​သူ​တို့​အား​စမ်း​ကြည့်​ရန်​သ​ဘော​တူ​လိုက်​၏။-

15. အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။-

16. ထို့​ကြောင့်​စောင့်​ကြပ်​သူ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​အ​စား သူ​တို့​အား​အ​သီး​အ​နှံ​ကို​သာ​ကျွေး​လေ​သည်။

17. ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။

18. မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။-

19. မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။-

20. မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။-

21. ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 1