ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒေသနာကျမ်း။ 3:4-13 Common Language Bible (BCL)

4. ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။

5. ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။

6. ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။

7. အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။

8. ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ၏။

9. လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင်၊ အဘယ်ကျေးဇူးရှိသနည်း။

10. လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။

11. ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။

12. ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။

13. လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒေသနာကျမ်း။ 3