ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 8:16-32 Common Language Bible (BCL)

16. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြေ ကြီး​ကို​သင်​၏​တောင်​ဝှေး​နှင့်​ရိုက်​လော့။ အီ​ဂျစ် တစ်​ပြည်​လုံး​တွင်​မြေ​မှုန့်​ရှိ​သ​မျှ​သည်​တော ခြင်​များ​ဖြစ်​လာ​လိမ့်​မည်​ဟု​ပြော​လော့'' ဟူ ၍​မော​ရှေ​အား​မိန့်​တော်​မူ​၏။-

17. ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-

18. မှော်​ဆ​ရာ​တို့​လည်း​မိ​မိ​တို့​၏​အ​တတ်​ပ​ညာ ဖြင့် တော​ခြင်​များ​ဖြစ်​လာ​ရန်​အား​ထုတ်​ကြ သော်​လည်း​မ​အောင်​မြင်​ကြ​ချေ။ တော​ခြင် များ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ် လေ​သည်။-

19. ထို​အ​ခါ​မှော်​ဆ​ရာ​တို့​က​ဘု​ရင်​အား``ဤ အ​မှု​အ​ရာ​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ဖြစ်​၏'' ဟု​လျှောက်​ကြ​၏။ သို့ ရာ​တွင်​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား မ​ထောင်​ဘဲ​နေ​လေ​၏။

20. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-

21. သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-

22. ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-

23. ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-

24. ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။

25. ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။

26. မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-

27. အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း တော​ကန္တာ​ရ သို့​သုံး​ရက်​ခ​ရီး​သွား​၍​ယဇ်​ပူ​ဇော်​ရ​ပါ မည်'' ဟု​လျှောက်​ဆို​၏။

28. ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။

29. မော​ရှေ​က``နက်​ဖြန်​နေ့​တွင်​ကိုယ်​တော်​နှင့် မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ မှက်​ကောင်​များ​ကို ဖယ်​ရှား​ပေး​ရန်​ယ​ခု​ကိုယ်​တော်​ထံ​မှ​ထွက် သွား​လျှင်​သွား​ချင်း ထာ​ဝ​ရ​ဘု​ရား​ထံ​၌ ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ယဇ်​ပူ​ဇော်​ရန်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ အား ယ​ခု​သွား​ခွင့်​ပြု​ပြီး​မှ​မ​သွား​ရ​ဟု နောက်​တစ်​ဖန်​မ​လှည့်​စား​မ​တား​ဆီး​ပါ နှင့်'' ဟု​လျှောက်​ထား​လေ​၏။

30. ထို​နောက်​မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​၌​ဆု​တောင်း လေ​၏။-

31. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ဆု​တောင်း​သည့် အ​တိုင်း ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ​တို့​ထံ​၌ မှက်​တစ်​ကောင်​မျှ​မ​ကျန်​စေ​ရန်​မှက်​အား​လုံး ကို​ဖယ်​ရှား​တော်​မူ​၏။-

32. သို့​ရာ​တွင်​ဘု​ရင်​သည်​ယ​ခု​အ​ကြိမ်​၌​လည်း ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​သွား​ခွင့်​မ​ပြု​ချေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 8