ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 8:1-12 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍`ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု နိုင်​ရန် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​ပြု လော့။-

2. သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-

3. မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-

4. ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

5. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြစ် များ၊ ချောင်း​များ၊ အင်း​အိုင်​များ​ပေါ်​သို့​သင်​၏ တောင်​ဝှေး​ကို​ကိုင်​၍​လက်​ကို​ဆန့်​သော​အား ဖြင့်​ဖား​များ​တက်​လာ​၍ အီ​ဂျစ်​တစ်​ပြည်​လုံး တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​လော့'' ဟု​မော​ရှေ အား​မိန့်​တော်​မူ​၏။-

6. ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-

7. မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။

8. ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။

9. မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊

10. ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-

11. ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-

12. မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ထံ​မှ​ထွက် ခဲ့​ကြ​၏။ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​သင့်​စေ သော​ဖား​များ​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အ​တွက် မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 8