ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 6:5-18 Common Language Bible (BCL)

5. ယ​ခု​ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​ရ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​သံ​ကို ကြား​ရ​သ​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ် ကို​သ​တိ​ရ​ပြီ။-

6. ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-

7. ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-

8. အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ငါ​က​တိ​ထား​သော​ပြည်​သို့​သင်​တို့​အား​ပို့ ဆောင်​မည်။ ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား အ​ပိုင်​ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ၏' ဟူ​၍​ပြော​ကြား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

9. မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။

10. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

11. ``အီ​ဂျစ်​ဘု​ရင်​ထံ​သို့​ဝင်​၍​သူ​၏​တိုင်း​ပြည် မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထွက်​ခွင့် ပြု​စေ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။

13. ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ရန်​သင်​တို့​အား ငါ​အ​မိန့် ပေး​တော်​မူ​ကြောင်း​ဣသ​ရေ​လ​အ​မျိုး​သား တို့​နှင့်​အီ​ဂျစ်​ဘု​ရင်​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

14. ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-

15. ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-

16. လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-

17. ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-

18. ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 6