ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 6:1-5 Common Language Bible (BCL)

1. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

2. ဘု​ရား​သ​ခင်​က မော​ရှေ​အား``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။-

3. အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-

4. ထို့​အ​ပြင်​သူ​တို့​သည်​ဧည့်​သည်​အ​ဖြစ်​ဖြင့်​နေ ထိုင်​ခဲ့​ရ​သော​ခါ​နာန်​ပြည်​ကို သူ​တို့​အား​ပေး မည်​ဟု​ငါ​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-

5. ယ​ခု​ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​ရ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​သံ​ကို ကြား​ရ​သ​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ် ကို​သ​တိ​ရ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 6