ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 5:7-16 Common Language Bible (BCL)

7. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အုတ်​ဖုတ် ရန်​အ​တွက် ကောက်​ရိုး​ကို​ယ​ခင်​က​ကဲ့​သို့ မ​ပေး​ရ။ သူ​တို့​ကိုယ်​တိုင်​ရှာ​ယူ​ကြ​စေ။-

8. သို့​ရာ​တွင်​သူ​တို့​ဖုတ်​ရ​မည့်​အုတ်​အ​ရေ အ​တွက်​မှာ ယ​ခင်​က​ထက်​မ​နည်း​စေ​ရ။ မည် သည့်​အ​ကြောင်း​ကြောင့်​မျှ​အ​ရေ​အ​တွက် မ​လျော့​စေ​ရ။ သူ​တို့​သည်​ပျင်း​၏။ ထို့​ကြောင့် သူ​တို့​က`ငါ​တို့​၏​ဘု​ရား​အား​ယဇ်​ပူ​ဇော် ရန်​သွား​ခွင့်​ပေး​ပါ' ဟု​တောင်း​ဆို​၏။-

9. သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။

10. အုပ်​ချုပ်​သူ​တို့​နှင့်​ဣ​သ​ရေ​လ​အ​လုပ်​ကြပ် တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​၍``ဖာ​ရော​ဘု​ရင်​က`ငါ​သည်​သင် တို့​အား​ကောက်​ရိုး​ကို​ပေး​တော့​မည်​မ​ဟုတ်။-

11. သင်​တို့​ကိုယ်​တိုင်​ကောက်​ရိုး​ရ​နိုင်​မည့်​အ​ရပ်​မှ ကောက်​ရိုး​ကို​ရှာ​ယူ​ရ​မည်။ သို့​ရာ​တွင်​သင်​တို့ ဖုတ်​ရ​မည့်​အုတ်​အ​ရေ​အ​တွက်​မှာ ယ​ခင်​က ထက်​မ​နည်း​စေ​ရ' ဟု​မိန့်​ကြား​တော်​မူ​သည်'' ဟူ​၍​ပြော​လေ​၏။-

12. ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-

13. အုပ်​ချုပ်​သူ​တို့​က``သင်​တို့​သည်​ကောက်​ရိုး​ရ စဉ်​က နေ့​စဉ်​ဖုတ်​ပြီး​သ​မျှ​အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း ယ​ခု​လည်း​ပြီး​စီး​စေ​ရ​မည်'' ဟု ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​သော့​ခိုင်း​လေ​၏။-

14. အီ​ဂျစ်​အ​မျိုး​သား​အုပ်​ချုပ်​သူ​တို့​က ဣ​သ ရေ​လ​အ​မျိုး​သား​အ​လုပ်​ကြပ်​တို့​ကို​ရိုက် နှက်​လျက်``ယ​နေ့​သင်​တို့​သည်​အ​ဘယ်​ကြောင့် ယ​ခင်​အုတ်​အ​ရေ​အ​တွက်​နှုန်း​ကို​မီ​အောင် မ​ထုတ်​နိုင်​သ​နည်း'' ဟု​မေး​ကြ​၏။

15. ထို​အ​ခါ​အ​လုပ်​ကြပ်​တို့​သည်​ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် တို့​အား​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ပါ​သ​နည်း။-

16. ကိုယ်​တော်​ကျွန်​တို့​အား​ကောက်​ရိုး​ကို​မ​ပေး​ဘဲ အုတ်​ဖုတ်​ရ​မည်​ဟု​အ​မိန့်​ပေး​ပါ​သည်။ ကိုယ် တော်​ကြောင့်​ယ​ခု​ကိုယ်​တော်​ကျွန်​တို့​အ​ရိုက် အ​နှက်​ခံ​နေ​ရ​ပါ​သည်'' ဟု​လျှောက်​ထား ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 5