ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 5:2-13 Common Language Bible (BCL)

2. ဖာ​ရော​ဘု​ရင်​က``ထို​ဘု​ရား​သည်​မည်​သူ​နည်း။ ငါ​သည်​အ​ဘယ်​ကြောင့်​ထို​ဘု​ရား​၏​စ​ကား ကို​နာ​ခံ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လွှတ်​ရ​မည်​နည်း။ ငါ​သည်​ထို​ဘု​ရား​ကို​မ​သိ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ လွှတ်​နိုင်'' ဟု​ဆို​လေ​၏။

3. သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

4. ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``ဤ​သူ​တို့​ကို​အ​ဘယ်​ကြောင့်​အ​လုပ် ပျက်​အောင်​ပြု​လို​ကြ​သ​နည်း။ အ​လုပ်​ခွင် သို့​ပြန်​ကြ​စေ။-

5. သင်​တို့​လူ​မျိုး​သည်​အီ​ဂျစ်​လူ​မျိုး​တို့​ထက် များ​ပြား​လာ​ကြ​လေ​ပြီ။ ယ​ခု​သင်​တို့​အ​လုပ် မှ​ရပ်​နား​လို​ကြ​သည်​တ​ကား'' ဟု​ဆို​လေ​၏။

6. ထို​နေ့​၌​ပင်​ဖာ​ရော​ဘု​ရင်​သည် အီ​ဂျစ်​အ​မျိုး သား​အုပ်​ချုပ်​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​အား၊-

7. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အုတ်​ဖုတ် ရန်​အ​တွက် ကောက်​ရိုး​ကို​ယ​ခင်​က​ကဲ့​သို့ မ​ပေး​ရ။ သူ​တို့​ကိုယ်​တိုင်​ရှာ​ယူ​ကြ​စေ။-

8. သို့​ရာ​တွင်​သူ​တို့​ဖုတ်​ရ​မည့်​အုတ်​အ​ရေ အ​တွက်​မှာ ယ​ခင်​က​ထက်​မ​နည်း​စေ​ရ။ မည် သည့်​အ​ကြောင်း​ကြောင့်​မျှ​အ​ရေ​အ​တွက် မ​လျော့​စေ​ရ။ သူ​တို့​သည်​ပျင်း​၏။ ထို့​ကြောင့် သူ​တို့​က`ငါ​တို့​၏​ဘု​ရား​အား​ယဇ်​ပူ​ဇော် ရန်​သွား​ခွင့်​ပေး​ပါ' ဟု​တောင်း​ဆို​၏။-

9. သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။

10. အုပ်​ချုပ်​သူ​တို့​နှင့်​ဣ​သ​ရေ​လ​အ​လုပ်​ကြပ် တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​၍``ဖာ​ရော​ဘု​ရင်​က`ငါ​သည်​သင် တို့​အား​ကောက်​ရိုး​ကို​ပေး​တော့​မည်​မ​ဟုတ်။-

11. သင်​တို့​ကိုယ်​တိုင်​ကောက်​ရိုး​ရ​နိုင်​မည့်​အ​ရပ်​မှ ကောက်​ရိုး​ကို​ရှာ​ယူ​ရ​မည်။ သို့​ရာ​တွင်​သင်​တို့ ဖုတ်​ရ​မည့်​အုတ်​အ​ရေ​အ​တွက်​မှာ ယ​ခင်​က ထက်​မ​နည်း​စေ​ရ' ဟု​မိန့်​ကြား​တော်​မူ​သည်'' ဟူ​၍​ပြော​လေ​၏။-

12. ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-

13. အုပ်​ချုပ်​သူ​တို့​က``သင်​တို့​သည်​ကောက်​ရိုး​ရ စဉ်​က နေ့​စဉ်​ဖုတ်​ပြီး​သ​မျှ​အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း ယ​ခု​လည်း​ပြီး​စီး​စေ​ရ​မည်'' ဟု ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​သော့​ခိုင်း​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 5