ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 5:16-22 Common Language Bible (BCL)

16. ကိုယ်​တော်​ကျွန်​တို့​အား​ကောက်​ရိုး​ကို​မ​ပေး​ဘဲ အုတ်​ဖုတ်​ရ​မည်​ဟု​အ​မိန့်​ပေး​ပါ​သည်။ ကိုယ် တော်​ကြောင့်​ယ​ခု​ကိုယ်​တော်​ကျွန်​တို့​အ​ရိုက် အ​နှက်​ခံ​နေ​ရ​ပါ​သည်'' ဟု​လျှောက်​ထား ကြ​၏။

17. ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က``သင်​တို့​သည်​ပျင်း​၏။ အ​လွန်​ပျင်း​သော​ကြောင့်​သင်​တို့​က`အ​ကျွန်ုပ်​တို့ ၏​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ပါ ရ​စေ' ဟု​တောင်း​လျှောက်​ကြ​၏။-

18. အ​လုပ်​ခွင်​သို့​ပြန်​သွား​ကြ။ သင်​တို့​အား​ကောက် ရိုး​ပေး​မည်​မ​ဟုတ်။ သို့​သော်​ယ​ခင်​အုတ်​အ​ရေ အ​တွက်​နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်'' ဟု​မိန့် ကြား​လေ​၏။-

19. ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။

20. သူ​တို့​သည်​ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ခွာ​လာ ကြ​သော​အ​ခါ သူ​တို့​အား​စောင့်​နေ​သော မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​တွေ့​လျှင်၊-

21. ``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။

22. ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့``အို အ​ရှင်​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သူ​တို့ ကို​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​စေ​လွှတ်​တော်​မူ​ပါ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 5