ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 40:31-32-38 Common Language Bible (BCL)

31-32. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ​၌ လည်း​ကောင်း၊ ယဇ်​ပလ္လင်​ရှိ​ရာ​သို့​ချဉ်း​ကပ်​သော အ​ခါ​၌​လည်း​ကောင်း သူ​တို့​၏​ခြေ​လက်​များ ကို​ထို​နေ​ရာ​တွင်​ဆေး​ကြော​ကြ​၏။-

33. ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။

34. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-

35. ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-

36. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-

37. တဲ​တော်​ကို​မိုး​တိမ်​တိုက်​လွှမ်း​လျက်​နေ​သည့် ကာ​လ​ပတ်​လုံး သူ​တို့​သည်​ခ​ရီး​မ​ထွက် ကြ​ချေ။-

38. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍ ခ​ရီး​သွား​ရာ​လမ်း​တစ်​လျှောက်​လုံး​တွင်​တဲ တော်​ပေါ်​၌​နေ့​အ​ခါ​ထာ​ဝရ​ဘု​ရား​၏​မိုး တိမ်​တိုက်​လွှမ်း​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ည​အ​ခါ​မီး​တောက်​လျက်​ရှိ​သည်​ကို​လည်း ကောင်း​တွေ့​မြင်​ရ​ကြ​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ထွက်​မြောက်​ရာ ကျမ်း​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 40