ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 40:23-35 Common Language Bible (BCL)

23. ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-

24. သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။-

25. ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။-

26. ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။-

27. ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​လေ​၏။-

28. သူ​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့်​ကာ ကို​တပ်​ဆင်​ပြီး​နောက်-

29. ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။-

30. သူ​သည်​အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​ကြား​တွင် နေ​ရာ​ချ ထား​၍​ရေ​ထည့်​ထား​၏။-

31-32. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ​၌ လည်း​ကောင်း၊ ယဇ်​ပလ္လင်​ရှိ​ရာ​သို့​ချဉ်း​ကပ်​သော အ​ခါ​၌​လည်း​ကောင်း သူ​တို့​၏​ခြေ​လက်​များ ကို​ထို​နေ​ရာ​တွင်​ဆေး​ကြော​ကြ​၏။-

33. ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။

34. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-

35. ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 40