ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 40:16-26 Common Language Bible (BCL)

16. မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

17. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-

18. မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-

19. ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-

20. ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-

21. ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-

22. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊-

23. ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-

24. သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။-

25. ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။-

26. ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 40