ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 40:10-23 Common Language Bible (BCL)

10. ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။-

11. ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။

12. ``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-

13. အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။-

14. သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-

15. ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16. မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

17. သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-

18. မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-

19. ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-

20. ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-

21. ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-

22. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊-

23. ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 40