1. ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
2. သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
3. သေတ္တာတော်ကိုသယ်ဆောင်ရန်ရွှေကွင်းလေး ကွင်းကိုလုပ်၍၊ အောက်ခြေလေးထောင့်တွင်၊ နှစ်ကွင်းစီတပ်ဆင်၏။-
4. ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
5. သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
6. အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
7-8. သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-
9. ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
10. သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
11. စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-
12. စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။-
13. စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
14. ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-
15. ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။-
16. စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။
17. သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
18. ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။-
19. အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။-
20. ဆီမီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များ ပါသော ဗာဒံပွင့်နှင့်တူသည့်အလှပန်းပွင့်လေးပွင့် ရှိလေသည်။-
21. အကိုင်းသုံးစုံတွင်၊ တစ်စုံစီအောက်၌ပွင့်ဖူး တစ်ဖူးရှိသည်။-
22. ပွင့်ဖူး၊ အကိုင်းနှင့်ဆီမီးတိုင်တို့သည်တစ် သားတည်းဖြစ်၍၊ ရွှေဖြင့်ထုလုပ်၏။-
23. သူသည်ဆီမီးတိုင်အတွက်ဆီမီးခွက် ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ်ခံခွက်များ ကိုရွှေဖြင့်ပြုလုပ်၏။-
24. သူသည်ဆီမီးတိုင်နှင့်ဆီမီးတိုင်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကို၊ ရွှေချိန်ခုနစ်ဆယ့် ငါးပေါင်ဖြင့်ပြုလုပ်လေ၏။
25. သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။-
26. ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်လေး ဘက်နှင့်ထောင့်ချွန်အတက်တို့ကိုရွှေချ၍၊ အပေါ်နားပတ်လည်တွင်ရွှေပြော့ကြောင်း ထိုးထား၏။-
27. ပလ္လင်တော်၏ဘေးနှစ်ဘက်အနားထောင့်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်စုံကိုတပ် ထားသည်။-
28. ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။
29. သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။