ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:25-36 Common Language Bible (BCL)

25. ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-

26. ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။

27. အ​နောက်​မျက်​နှာ​ရှိ​တဲ​တော်​၏​ကျော​ဘက်​ကို ကာ​ရန်၊ ဘောင်​ခွေ​ခြောက်​ခု​ကို​လည်း​ကောင်း၊-

28. အ​နောက်​ဘက်​ထောင့်​တစ်​ဘက်​တစ်​ချက်​၌​ကာ ရန်၊ ဘောင်​ခွေ​နှစ်​ခု​ကို​လည်း​ကောင်း​လုပ်​ကြ​၏။-

29. ထို​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​၌​လည်း ကောင်း၊ အ​ထက်​၌​လည်း​ကောင်း၊ ကွင်း​များ​ဖြင့် ထိန်း​ချုပ်​ထား​၏။ ထောင့်​နှစ်​ထောင့်​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း​အ​တိုင်း​ပြု​လုပ် ကြ​၏။-

30. သို့​ဖြစ်​၍​ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​အောက် ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ်​ခု​ရှိ​သ​ဖြင့်၊ ဘောင်​ခွေ​ရှစ်​ခု နှင့်​ငွေ​အောက်​ခံ​ခြေ​စွပ်​ခုံ​တစ်​ဆယ့်​ခြောက်​ခု ရှိ​လေ​သည်။

31. သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ အ​တွက် ကန့်​လန့်​ကျင်​များ​ကို​အ​ကာ​ရှ​သစ် သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တဲ​တော်​တောင်​ဘက် အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း၊-

32. မြောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း နှင့် အ​နောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး ချောင်း​ကို​ပြု​လုပ်​ကြ​၏။-

33. အ​လယ်​ကန့်​လန့်​ကျင်​ကို တဲ​တော်​အ​စွန်း တစ်​ဘက်​တစ်​ချက်​တို့​တွင်​အ​ဆုံး​သတ် စေ​၏။-

34. ဘောင်​ခွေ​တို့​ကို​ရွှေ​ချ​၍၊ ကန့်​လန့်​ကျင်​များ ကို​ထိန်း​ရန် ရွှေ​ကွင်း​များ​တပ်​ဆင်​ထား​သည်။ ကန့်​လန့်​ကျင်​များ​ကို​လည်း​ရွှေ​ချ​ထား​၏။

35. သူ​တို့​သည်​ကန့်​လန့်​ကာ​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက် လုပ်​၍၊ ခေ​ရု​ဗိမ်​ရုပ်​များ​ကို​ပန်း​ပေါက်​ဖော် ထား​ကြ​သည်။-

36. ကန့်​လန့်​ကာ​ကို​ထိန်း​ထား​ရန်၊ ရွှေ​ချိတ်​များ တပ်​ဆင်​ထား​သော တိုင်​လေး​တိုင်​ကို၊ အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တိုင်​များ​ကို​ရွှေ ချ​၍၊ တိုင်​များ​ကို​စိုက်​ထူ​ရန်၊ အောက်​ခံ​ငွေ ခြေ​စွပ်​ခုံ​လေး​ခု​ကို​ပြု​လုပ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36