ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:18-26 Common Language Bible (BCL)

18. သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-

19. ထပ်​မံ​၍​အ​မိုး​နှစ်​ထပ်​ကို​ပြု​လုပ်​ကြ​၏။ တစ်​ထည်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး သား​ရေ​ဖြင့်​လည်း​ကောင်း၊ ထို​အ​ပေါ်​တွင် ဖြန့်​အုပ်​ရန်​အ​ထပ်​ကို​သား​ရေ​ချော​ဖြင့် လည်း​ကောင်း၊ ပြု​လုပ်​ကြ​၏။

20. သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။-

21. ဘောင်​ခွေ​တစ်​ချပ်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ပေ​နှင့်​အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​၍၊-

22. ဘောင်​ခွေ​များ​ကို​စ​ရွေး​ဖြင့်​ဆက်​စပ်​ထား​၏။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင်​စ ရွေး​ဖော်​ထား​လေ​၏။-

23. တဲ​တော်​တောင်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ် ဆယ်​ကို​လုပ်​၍၊-

24. ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ခြေ​ထောက် နှစ်​ခု​ကို​စွပ်​ရန်၊ အောက်​ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ် ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး​ဆယ်​တပ်​ဆင်​၏။-

25. ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-

26. ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36