ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 34:8-20 Common Language Bible (BCL)

8. မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊-

9. ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

10. ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-

11. ယ​နေ့​သင့်​အား​ငါ​ပေး​မည့်​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ ငါ​သည်​သင်​တို့​ချီ​တက်​ရာ လမ်း​ကြောင်း​မှ​အာ​မော​ရိ​အ​မျိုး​သား၊ ခါ နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​မည်။-

12. သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-

13. သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။

14. ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြိုင်​ဖက်​ကို​လက် မ​ခံ​သော​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည် အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး​ကွယ်​ရ။-

15. သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

16. သင်​တို့​၏​သား​များ​သည်​ထို​ပြည်​ရှိ​အ​မျိုး သ​မီး​များ​ကို​ထိမ်း​မြား​မိ​သ​ဖြင့်၊ ထို​အ​မျိုး သ​မီး​တို့​သည်​ငါ့​ကို​စွန့်​၍ သူ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​ရန်၊ သင်​တို့​၏​သား​များ ကို​ဖြား​ယောင်း​ကြ​လိမ့်​မည်။

17. ``သတ္တု​ဖြင့်​သွန်း​သော​ဘု​ရား​များ​ပြု​လုပ်​၍​ရှိ မ​ခိုး​ရ။

18. ``တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ သင် တို့​သည်​အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ခဲ့​ရ​သော​ကြောင့်၊ ထို​လ​၌ ငါ​ပ​ညတ်​သည့်​အ​တိုင်း​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။

19. ``သင်​တို့​တွင်​သား​ဦး​ဟူ​သ​မျှ​နှင့်​သိုး​နွား​မှ စ​သော တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ပေါက်​ဟူ​သ​မျှ တို့​ကို​ငါ​ပိုင်​၏။-

20. သို့​ရာ​တွင်​မြည်း​သား​ဦး​ပေါက်​ကို​သိုး​တစ် ကောင်​နှင့်​အ​စား​ထိုး​၍​ရွေး​ယူ​ရ​မည်။ မ​ရွေး ယူ​လို​လျှင်​မြည်း​၏​လည်​ပင်း​ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ဟူ​သ​မျှ​တို့​ကို​ရွေး​ယူ ရ​မည်။``မည်​သူ​မျှ​ပူ​ဇော်​သကာ​မ​ပါ​ဘဲ​နှင့်​ငါ့​ထံ သို့​မ​ဝင်​ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 34