ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 34:4-12 Common Language Bible (BCL)

4. ထို့​ကြောင့်​မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ကျောက်​ပြား​နှစ်​ချပ်​ကို ဆစ်​ပြီး​လျှင်၊ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်၊ ကျောက်​ပြား​များ​ကို​ကိုင်​ဆောင်​လျက် သိ​နာ​တောင်​ပေါ်​သို့​တက်​လေ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။-

6. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။-

7. ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

8. မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊-

9. ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

10. ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-

11. ယ​နေ့​သင့်​အား​ငါ​ပေး​မည့်​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ ငါ​သည်​သင်​တို့​ချီ​တက်​ရာ လမ်း​ကြောင်း​မှ​အာ​မော​ရိ​အ​မျိုး​သား၊ ခါ နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​မည်။-

12. သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 34