ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 33:5-11 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-

6. ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။

7. ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-

8. တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-

9. မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-

10. လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-

11. မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 33