ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 33:16-23 Common Language Bible (BCL)

16. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။

17. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။

18. ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။

19. ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။

20. ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-

21. သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-

22. ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။-

23. ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 33