ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 33:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-

2. သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-

3. သင်​တို့​ကို​အ​စာ​ရေ​စာ​ပေါ​များ​၍​မြေ သြ​ဇာ​ထက်​သန်​သော​ပြည်​သို့​ပို့​ဆောင်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ခေါင်း​မာ​သော​လူ​မျိုး ဖြစ်​၍၊ လမ်း​ခ​ရီး​၌​သင်​တို့​ကို​ငါ​သေ​ကြေ ပျက်​စီး​စေ​မည်​စိုး​သော​ကြောင့် ငါ​ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ခ​ရီး​မ​သွား'' ဟု​မိန့် တော်​မူ​၏။

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​သို့​မိန့် တော်​မူ​သည်​ကို​ကြား​သိ​ရ​သော​အ​ခါ၊ ဝမ်း နည်း​ပူ​ဆွေး​လျက်​လက်​ဝတ်​တန်​ဆာ​များ ကို​မ​ဝတ်​ဆင်​ကြ​တော့​ချေ။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-

6. ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။

7. ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-

8. တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 33