13. ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
14. ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
15. မောရှေသည်မျက်နှာနှစ်ဘက်စလုံးတွင် ပညတ် တော်များကိုအက္ခရာတင်ထားသောကျောက် ပြားနှစ်ချပ်ကိုယူဆောင်လျက်တောင်ပေါ်မှ ဆင်းလာ၏။-
16. ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
17. ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
18. မောရှေက``ငါကြားရသောအသံသည်၊ စစ် အောင်သံလည်းမဟုတ်၊ စစ်ရှုံးသံလည်းမဟုတ်၊ သီချင်းသံပင်ဖြစ်သည်'' ဟုပြန်ပြော၏။
19. မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
20. သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။-
21. မောရှေကအာရုန်အား``ဤသူတို့သည်သင့် ကြောင့်ထိုမျှလောက်ကြီးလေးသောအပြစ် ကိုပြုမိရန် သူတို့သည်သင့်အားအဘယ် သို့ပြုကြသနည်း'' ဟုမေး၏။