ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 32:1-14 Common Language Bible (BCL)

1. မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။

2. အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။-

3. သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။-

4. အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။

5. ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-

6. နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။

7. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။-

8. သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''-

9. ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။-

10. ငါ့​ကို​မ​ဆီး​တား​နှင့်။ ငါ​သည်​အ​မျက်​ထွက်​၍ သူ​တို့​ကို​သုတ်​သင်​ပစ်​မည်။ ထို​နောက်​သင်​နှင့် သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လူ​မျိုး​ကြီး ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ၏။

11. သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။-

12. အီ​ဂျစ်​အ​မျိုး​သား​တို့​က​ကိုယ်​တော်​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​တောင်​များ ပေါ်​သို့​ခေါ်​ဆောင်​၍၊ အ​ကုန်​အ​စင်​ရှင်း​လင်း သုတ်​သင်​ပစ်​ရန်​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သွား​သည်​ဟူ​၍​ဆို​ဖွယ်​ရာ​အ​ကြောင်း​ရှိ စေ​ရ​ပါ​မည်​လော။ ပြင်း​ပြ​သော​အ​မျက် တော်​ကို​ပြေ​စေ​လျက်​ကိုယ်​တော်​၏​လူ​မျိုး တော်​အား​ပေး​မည့်​အ​ပြစ်​ဒဏ်​မှ​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ရ​စေ​ပါ။-

13. ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''

14. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 32