ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 31:11-18 Common Language Bible (BCL)

11. ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

12-13. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​ဆင့်​ဆို လော့။ ငါ​၏​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ဥ​ပုသ် နေ့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား ကြောင်း​ကို သား​စဉ်​မြေး​ဆက်​သ​တိ​ရ​စေ သော​အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း။-

14. ဥပုသ်​နေ့​သည်​နား​ရက်၊ နေ့​ထူး​နေ့​မြတ်​ဖြစ် သော​ကြောင့် ထို​နေ့​ကို​စောင့်​ထိန်း​ရ​မည်။ ဥ​ပုသ် နေ့​တွင်​အ​လုပ်​လုပ်​လျက်​ထို​နေ့​ကို​မ​စောင့် ထိန်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

15. သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။-

16. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဥ​ပုသ်​နေ့ ကို ပ​ဋိ​ညာဉ်​၏​အ​ထိမ်း​အ​မှတ်​အ​ဖြစ်​စောင့် ထိန်း​ရ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက် ရက်​တွင်​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို​ဖန်​ဆင်း ၍၊ သတ္တ​မ​နေ့​၌​အ​လုပ်​မှ​နား​တော်​မူ​သည် ဖြစ်​သော​ကြောင့်၊-

17. ဥ​ပုသ်​နေ့​သည်​ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​သော​ပ​ဋိ​ညာဉ်​၏​ထာ​ဝ​ရ အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း'' ဟု​မိန့် တော်​မူ​၏။

18. ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 31