ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 30:21-36 Common Language Bible (BCL)

21. သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။

22. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

23. ``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊-

24. က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-

25. ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။

26. ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊-

27. စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊-

28. မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-

29. ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-

30. ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-

31. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-

32. ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။-

33. မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။

34. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-

35. ရေ​မွှေး​ဖော်​စပ်​သ​ကဲ့​သို့၊ ထို​နံ့​သာ​တို့​ကို နံ့​သာ​ပေါင်း​အ​ဖြစ်​ဖော်​စပ်​လော့။ စင်​ကြယ်​၍ သီး​သန့်​စေ​ရန်​နံ့​သာ​ပေါင်း​တွင်​ဆား​ခပ် လော့။-

36. ထို​နံ့​သာ​ပေါင်း​အ​ချို့​ကို​ညက်​အောင်​ထောင်း​၍၊ ငါ​စံ​ရာ​တဲ​တော်​အ​တွင်း​ငါ​၏​ရှေ့​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌ ဖြူး​ရ​မည်။ ထို​နံ့​သာ​ပေါင်း​ကို​အ​လွန်​သန့် ရှင်း​သော​နံ့​သာ​ပေါင်း​အ​ဖြစ်​လက်​ခံ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 30