ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 30:13-20 Common Language Bible (BCL)

13. သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-

14. အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သော​သန်း ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်၊ ငါ့​အား​အ​ခွန် ငွေ​ဆက်​ကပ်​ရ​မည်။-

15. ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-

16. သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

17. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

18. ``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-

19. အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-

20. သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 30