ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 30:1-6 Common Language Bible (BCL)

1. ``နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-

2. ထို​ပလ္လင်​သည်​စတုရန်း​ဖြစ်​၍၊ အ​လျား​တစ်​ဆယ့် ရှစ်​လက်​မ၊ အ​နံ​တစ်​ဆယ့်​ရှစ်​လက်​မ​နှင့်​အ​မြင့် သုံး​ဆယ့်​ခြောက်​လက်​မ​ရှိ​စေ​ရ​မည်။ ဦး​ချို သဏ္ဌာန်​ထောင့်​ချွန်း​အ​တက်​များ​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ဖြစ်​ရ​မည်။-

3. ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-

4. ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-

5. ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-

6. ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​ရှိ​သည့်​ကန့်​လန့်​ကာ အ​ပြင်​ဘက်​၌၊ ထို​ပလ္လင်​ကို​ထား​ရ​မည်။ ထို နေ​ရာ​၌​ငါ​သည်​သင်​နှင့်​တွေ့​ဆုံ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 30