ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 3:5-13 Common Language Bible (BCL)

5. ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-

6. ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။

7. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-

8. အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-

10. ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

11. မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် သည်​သာ​မ​ည​လူ​တစ်​ယောက်​သာ​ဖြစ်​ပါ​၏။ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သည့်​ကိစ္စ​ကို​အ​ဘယ်​သို့​ဆောင်​ရွက်​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။

12. ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

13. ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍၊ သူ​တို့ အား`သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် သည် ငါ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​သည်' ဟု​ပြော​လျှင်​သူ​တို့​က`ထို​ဘု​ရား​၏​နာ​မ တော်​ကား​မည်​သို့​ခေါ်​ပါ​သ​နည်း' ဟု​မေး သည်​ရှိ​သော်​အ​ကျွန်ုပ်​က​မည်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 3