ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 3:13-22 Common Language Bible (BCL)

13. ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍၊ သူ​တို့ အား`သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် သည် ငါ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​သည်' ဟု​ပြော​လျှင်​သူ​တို့​က`ထို​ဘု​ရား​၏​နာ​မ တော်​ကား​မည်​သို့​ခေါ်​ပါ​သ​နည်း' ဟု​မေး သည်​ရှိ​သော်​အ​ကျွန်ုပ်​က​မည်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။

14. ဘု​ရား​သ​ခင်​က``ငါ​၏​နာ​မ​သည်​ငါ​ဖြစ် သည့်​အ​တိုင်း ငါ​ဖြစ်​၏ ဟူ​၍​ဖြစ်​သည်။ `ငါ​ဖြစ်​သည်​ဟု​နာ​မည်​ရှိ သော​အ​ရှင်​သည် သင်​တို့​ထံ​သို့​ငါ့​အား​စေ​လွှတ် တော်​မူ​သည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ပြော​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

15. တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ထံ​သို့​ငါ့​အား​စေ​လွှတ်​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​ရ မည်။ ဤ​နာ​မ​သည်​ထာ​ဝ​စဉ်​ငါ​၏​နာ​မ ဖြစ်​၏။ နောင်​လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ထို​နာ​မ​ဖြင့်​ငါ့​အား​သိ​ကြ​လိမ့်​မည်။-

16. သင်​သွား​၍​ဣ​သ​ရေ​လ​အမျိုး​သား​ခေါင်း ဆောင်​တို့​ကို​စု​ရုံး​လျက် သူ​တို့​အား​သင်​တို့ ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘုရား၊ ဣဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင် ရ​၍၊ ထို​ဘု​ရား​က​သင်​တို့​အား​ငါ​သည်​သင် တို့​ထံ​သို့​ကြွ​လာ​လျက်​အီ​ဂျစ်​အ​မျိုး​သား တို့​က​သင်​တို့​အား​ပြု​သော​အ​မှု​ကို​မြင် ရ​ပြီ။-

17. ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။

18. ``သူ​တို့​သည်​သင့်​စ​ကား​ကို​နား​ထောင်​ကြ မည်။ ထို​နောက်​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍​ဘု​ရင်​အား`အ​ကျွန်ုပ်​တို့​သည် ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့်​ဖူး​တွေ့​ခဲ့​ရ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက် ခ​ရီး​ထွက်​ခွင့်​ပေး​ပါ' ဟု​လျှောက်​ထား​လော့။-

19. အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-

20. ငါ​၏​တန်​ခိုး​တော်​ဖြင့်​နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​၍ အီ​ဂျစ်​ပြည်​သား​တို့​ကို​ဒဏ်​ခတ်​မည်။ ထို​နောက်​မှ​ဘု​ရင်​သည်​သင်​တို့​ကို​သွား​ခွင့် ပေး​လိမ့်​မည်။

21. ``အီ​ဂျစ်​အ​မျိုး​သား​တို့​က​ငါ​၏​လူ​မျိုး တော်​အား စေ​တ​နာ​မေတ္တာ​ရှိ​လာ​စေ​ရန်​ငါ ပြု​မည်​ဖြစ်​သော​ကြောင့်၊ သင်​တို့​ထို​ပြည်​မှ ထွက်​ခွာ​ရ​သော​အ​ခါ​လက်​ချည်း​သက် သက်​မ​ထွက်​ခွာ​ရ။-

22. ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တိုင်း​က​မိ​မိ​၏ အီ​ဂျစ်​ပြည်​သား​အိမ်​နီး​ချင်း​တို့​ထံ​မှ​သော် လည်း​ကောင်း၊ မိ​မိ​အိမ်​မှာ​တည်း​ခို​သော​အီ​ဂျစ် အ​မျိုး​သ​မီး​တို့​ထံ​မှ ရွှေ၊ ငွေ၊ လက်​ဝတ်​တန် ဆာ​နှင့်​အ​ဝတ်​အ​ထည်​များ​ကို​တောင်း​ယူ​ကြ လိမ့်​မည်။ သင်​တို့​သည်​သင်​တို့​၏​သား​သ​မီး များ​အား​ထို​ပစ္စည်း​များ​ဖြင့်​တန်​ဆာ​ဆင်​ပေး ကြ​ခြင်း​ဖြင့်​အီ​ဂျစ်​ပြည်​သား​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 3