ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 26:2-11 Common Language Bible (BCL)

2. ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-

3. ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-

4. ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-

5. ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-

6. ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။

7. ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-

8. တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-

9. အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-

10. ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-

11. ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 26