အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 26 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်

1. ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-

2. ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-

3. ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-

4. ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-

5. ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-

6. ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။

7. ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-

8. တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-

9. အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-

10. ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-

11. ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-

12. ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-

13. အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။

14. ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။

15. ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-

16. ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-

17. ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-

18. တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-

19. ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-

20. တဲ​တော်​မြောက်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ် ဆယ်​နှင့်၊-

21. ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ငွေ​ဖိ​နပ်​နှစ်​ခု ကျ​ဖြင့် ငွေ​ဖိ​နပ်​လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-

22. တဲ​တော်​၏​အ​နောက်​ဘက်​အ​တွက်​ဘောင်​ခွေ ခြောက်​ခု​ပြု​လုပ်​ရ​မည်။-

23. တဲ​တော်​အ​နောက်​ဘက်​ထောင့်​များ​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ပြု​လုပ်​ရ​မည်။-

24. ဤ​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​မှ​အ​ထက် အ​ထိ​ကွင်း​ဖြင့်​ထိန်း​ချုပ်​ထား​ရ​မည်။ ထောင့်​နှစ် ထောင့်​အ​တွက်​ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း အ​တိုင်း​ပြု​လုပ်​ရ​မည်။-

25. သို့​ဖြစ်​၍​ဘောင်​ခွေ​ရှစ်​ခု​နှင့်​တစ်​ခု​စီ​အ​တွက် ငွေ ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ်​တစ်​ဆယ့်​ခြောက်​ခု ရှိ​ရ​မည်။

26. ``တဲ​တော်​အ​တွက်​ကန့်​လန့်​ကျင် စု​စု​ပေါင်း​တစ် ဆယ့်​ငါး​ခု​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ် လော့။ တဲ​တော်​တောင်​ဘက်​ရှိ​ဘောင်​ခွေ​များ အ​တွက်​ကန့်​လန့်​ကျင်​ငါး​ခု၊-

27. မြောက်​ဘက်​ရှိ​ဘောင်​ခွေ​များ​အ​တွက်​ငါး​ခု​နှင့် အ​နောက်​ဘက်​ရှိ​ဘောင်​များ​အ​တွက်​ငါး​ခု​ပြု လုပ်​ရ​မည်။-

28. ဘောင်​ခွေ​များ​၏​အ​လယ်​ကို​ဖြတ်​သည့်​ကန့်​လန့် ကျင်​တို့​သည် တဲ​တော်​အ​စွန်း​တစ်​ဘက်​တစ်​ချက် တွင်​အ​ဆုံး​သတ်​ရ​မည်။-

29. ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-

30. သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။

31. ``အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး နှင့်​ချည်​ချော​ဖြင့် ရက်​သော​ကန့်​လန့်​ကာ​ကို​ပြု လုပ်​လော့။ ကန့်​လန့်​ကာ​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ ကို​ပန်း​ဖော်​ထား​ရ​မည်။-

32. ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-

33. ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-

34. ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-

35. စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။

36. ``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-

37. ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။