ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 25:29-35 Common Language Bible (BCL)

29. စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-

30. ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။

31. ``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-

32. ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-

33. အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-

34. ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-

35. အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 25