ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 25:12-28 Common Language Bible (BCL)

12. သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-

13. အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-

14. သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-

15. ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-

16. ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။

17. ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-

18-19. အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-

20. ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-

21. သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-

22. ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။

23. ``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-

24. စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-

25. စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-

26. စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-

27. ထမ်း​ပိုး​လျှို​ရန်​ကွင်း​များ​ကို​ဘောင်​အ​နီး​၌ ကပ်​၍​တပ်​ဆင်​ရ​မည်။-

28. ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍​ရွှေ​ချ​ထား​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 25