ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 25:1-18-19 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။-

2. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-

3. သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-

4. ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-

5. အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-

6. မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-

7. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-

8. ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-

9. တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။

10. ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-

11. သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-

12. သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-

13. အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-

14. သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-

15. ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-

16. ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။

17. ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-

18-19. အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 25